Portable လေးတွေ မတင်တာတောင်တော်တော်ကြာသွားပြီ။ အဲဒီအတွက်လည်း စိတ်မကောင်းပါဘူး နောက်ထပ် (portable) ကောင်းကောင်းလေးတွေ ရလို့ရှိရင် တင်ပေးသွားပါမယ်။ ယခုတင်ပေးလိုက်တဲ့ portable လေး ကတော့ မိမိပုံပဲဖြစ်ဖြစ်၊ ချစ်သူ ပုံပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ဓါတ်ပုံက ရိုက်ထားတာ သိပ်မကောင်းလို့ ကိုယ့်ချစ်သူ
ကိုပေးရမှာ ခက်ခဲနေမယ်ဆိုရင် ဒီ portable လေးနဲ့အခက်အခဲကို ဖြေရှင်းလို့ရမှာပါ။ ဘာမှလည်း ခက်ခက်ခဲခဲမပါ ပါဘူး။ အဲဒီတော့ ကျွန်တော်အသေး စိတ်ရှင်းမပြတော့ပါဘူး ။ အဲဒီ portable မှာလည်း လုပ်ပုံလုပ်နည်း နမူနာ လေးတွေပါပါတယ်။ အဲဒီတော့ မိမိဘာသာ လုပ်ကြည့်လိုက်ကြပါ။
Megaupload>
အသုံးပြုနည်း
Portable ကိုစပြီးတော့ဖွင့်လိုက်တဲ့ အခါ နောက်မှာပြထားတဲ့ ပုံစံအတိုင်း ကျလာပါလိမ့်မယ်။ အရင်ပေါ်လာမှာက နမူနာပုံစံကြည့်မှာလား၊ မကြည့်ဘူးလား မေးပါတယ်။ အဲဒီမှာမိမိက ကြည့်ချင်တယ်ဆိုရင်တော့ ok ပေးလိုက်ပါ။ မကြည့်ချင်ဘူး ဆိုရင်တော့ cancel ပေးလိုက်ပါ။ နောက်တခါ portable ဖွင့်လိုက်တဲ့အချိန်မှာ နမူနာကိုမပေါ်စေ ချင်ဘူးဆိုရင်တော့ show ဆိုတဲ့နေရာလေးမှာ အမှန်ခြစ်လေးကို ဖျောက်လိုက်ပါ။File ကနေ open ဆိုတဲ့နေရာ လေးကနေ မိမိစက်ထဲမှာရှိတဲ့ ပုံကိုယူပါ။
ကျန်တာတွေကိုတော့ မိမိဘာသာလုပ် ကြည့်လိုက်ကြပါ။ ကျေးဇူးတင်ပါတယ်။
0 Responses so far.
Post a Comment