Notepad to Pdf
ကျွန်တော် အခုတင်ပြမှာကတော့ ကျွန်တော်တို့ notepad မှာ ရေးထားခဲ့တဲ့ စာတွေ့ကို pdf အနေနဲ့ သိမ်းတဲ့နည်း ဖြစ်ပါတယ်။ မြန်မာလိုရေးပြီ လဲ pdf ဖိုင် ပြောင်းလို့ရပါတယ်။ notepad မှာ ကျွန်တော်တို့ မြန်မာလိုရေးလို့ရပေးမဲ့ save ရင်တော့ မပေါ်တော့ဘူး။ အဲဒါကြောင့် ကျွန်တော် HTML ရေးနေတဲ့အခါ မြန်မာလိုပါရေးပြီ save ထားရင် မပေါ်လို့ pdf ဖိုင် ပြောင်း save ထားလိုက်တာ အဆင်ပြေသွားတယ် ပြန်ကြည့်လို့ရတာပေါ့။ ဒါပေးမဲ့ pdf Machine software အကူအညီတော့ ယူရမယ်။
လုပ်နည်း
1. ဒီဆိုဒ်မှာ http://www.mediafire.com/download.php?nzqyw0hhwqz အရင် pdf Machine software ကို download ချပြီ run ထားလိုက်ပါ။
2. Adobe reader software ကို တင်ပြီသာ သူငယ်ချင်းများအတွက် မလိုပေးမဲ့ မရှိတဲ့သူငယ်ချင်းများအတွက် ဒီမှာ down ပါ ကျွန်တော်တင်ပေးလိုက်ပါတယ်။
3. မိမိတို့ notepad တွေကို pdf ပြောင်းဖို့ အထပ်ပါအဆင့်တွေကို ပြီခဲ့ရင်တော့ အောက်က အဆင့်တွေကို ကျွန်တော် ပုံနှင့်တကွ တင်ပြမှာဖြစ်ပါတယ်။
A. မိမိတို့ Run Box (window key+R)ကို နိုပ်လိုက်ပါ. Notepad လို့ ရိုက်လိုက်ပါ.
အောက်က ပုံကိုကြည့်ပါ။
B. အောက်ပါအတိုင်း စာတွေရေးလိုက်ပါ။ ကျွန်တော်က မြန်မာလိုဘဲရေးလိုက်တယ် ဘာလို့လဲဆိုတော့ မြန်မာလိုလဲ ပေါ်တယ်ဆိုတာ ပြချင်လို့ပါ။ ရေးပြီသွားရင် notepad က file ထဲမှ print ကို click လိုက်ပါ။အောက်က ပုံကိုကြည့်ပါ.
C. Print Box တစ်ခု ထပ်ကျလာပါမည်။ BroadGun pdfMachine ကို ရွေးပြီ apply ကို click ပြီ print ကို click လိုက်ပါ။အောက်က ပုံကိုကြည့်ပါ။
D. pafMachine demo ဆိုပြီ box တစ်ခု ထပ်ကျလာပါမည်။ ကျွန်တော်တို့ ရေးခဲ့တဲ့ စာကို pdf အနေနဲ့ ပြောင်းပြီသာတွေ့ရမှာပါ.
E. အဲဒီမှာ save as ကို click လိုက် ရင် ဘယ်မှာ save မလဲဆိုတာ ရွေးပြီ notepad.pdf လို့ ရေးပြီ save လိုက်ပါ။ notepad နေရာမှာ ကျန်တဲ့ filename ရေးလဲရပါတယ်။ ပြီသွားရင် မိမိ save ခဲ့တဲ့နေရာမှာ စာရွက်ပုံလေးနဲ့ pdf ကိုတွေ့နိုင်ပါပြီ ဖွင့်ကြည့်လိုက်ပါ။ အဆင်ပြေသွားမှာပါ။
0 Responses so far.
Post a Comment