SplitCamera Software

Posted by မိုးထက်မြင့် Thursday, October 15, 2009 0 comments

ဒီဆော့ဝဲလေးကတော့ အရမ်းကောင်းတယ်ဗျာ။ ကျွန်တော်တောင် အရမ်းကြိုက်တယ်။ ဒီဆော့ဝဲလေးကတော့ Webcan မရှိပဲနဲ့လည်းအသုံးပြုလို့ရပါတယ်ခင်ဗျာ။ ဒီဆော့ဝဲလေးကိုရှာတဲ့ ကိုကြီးမိုးကတော့သူ့အကြောင်းလေးရှိလို့ ရှာရင်းကနေ သွားတွေ့တာပဲ …….ဟီးဟီးဟီး။မခိုင်နဲ့ ဓါတ်တိုင်နဲ့အိုစမာဘင်လာဒင် နဲ့ ချောစုခင် လိုပေါ့ဗျာ။ ကိုကြီးမိုးအတွက်လည်း အဆင်
ပြေ ဒီဆိုက်လေးကိုဝင်ဖတ်တဲ့ သူငယ်ချင်းမိတ်ဆွေ အပေါင်းလည်း အဆင်ပြေပေါ့ဗျာ။ ဆိုပါစို့ ကိုယ့်ချစ်သူလေးက ကိုကိုရယ် မီး ကိုကိုကို့စက်ထဲမှာရှိတဲ့ မီး ပုံလေးတွေကို စနစ်တကျရောသိမ်းထားရဲ့လားလို့မေးတဲ့အခါကျရင် ပြလို့ရတယ် ။နောက်ပြီးတော့ desktop တခုလုံးရဲ့ပုံစံမျိုးကိုလည်းပြလို့ရပါတယ်။ ကိုယ့်ချစ်သူပုံကို desktop ပေါ်မှာတင်ထားလို့ ပြချင်တယ်ဆိုရင်လည်းရပါတယ်။ကျွန်တော်ရဲ့ချစ်သူငယ်ချင်း ကိုကြီးမိုးနဲ့ တူနေတဲ့(နာမည်တော့မပြောပြတော့ပါဘူးခင်ဗျာ)သူဆိုရင် သူကောင်မလေးကို ဘယ်လောက်ထိချစ်သလဲ ဆိုရင် ကွန်ပျူတာကိုတနေ့ တခေါက်လောက်နမ်းတယ်ဗျ……..ဟီးဟီးဟီး။ အဲဒီလိုမျိုးတင်တဲ့ သူငယ်ချင်းတွေအတွက်ချစ်သူကိုပြရတာ ဒီဆော့ဝဲလေးနဲ့အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြောတာ များသွား ပြီနဲ့တူတယ်။ လေရှည်သွားရင်တော့ခွင့်လွှတ်ပါခင်ဗျာ။ ဒီဆော့ဝဲလေးကိုတော့အကြမ်းပျင်း ထက်စာရင်နည်းနည်းပါးပါး အသေးစိတ်တော့ ပြောပြပါမယ်။ တကယ်လို့ထပ်သိချင်သေးတယ်ဆိုရင်မိမိဘာသာ ဆက်လုပ်ကြည့်ကြပါခင်ဗျာ။( ကိုရဲ ကျေးဇူးအထူးတင်ရှိပါတယ်။)


ဒီမှာ Down ပါ


အသုံးပြုနည်း

1.ဆော့ဝဲကို run လိုက်ပါ။ တခြားဆော့ဝဲလို ပုံစံမျိုးပါပဲ next ပေးပြီးတော့သွားပါ။ finish ပေးခါနီးမှာ မေးပါလိုက်မယ် ။ အဲဒီမှာအမှန်ခြစ်လေးကို
ပေးပါ။


2.နောက်တဆင့်အနေနဲ့ box တခု ထပ်ပေါ်လာပါလိုက်မယ်ခင်ဗျာ။ အဲဒီမှာContinue Anyway ထပ်ပေးပါ။



3.အဲဒါဆိုရင် အောက်မှာပြတဲ့ပုံစံလေးနဲ့ တတ်လာပါလိုက်မယ်ခင်ဗျာ။



4.အဲဒါဆိုရင် video ကို ကလပ်ပေးပါ။အဲဒါဆိုရင်အောက်မှာပြတဲ့ပုံစံလေးနဲ့ တွေ့ရပါလိုက်မယ်ခင်ဗျာ။ ပုံတွေက
ိုထည့်မယ်ဆိုရင်မိမိစက်ထဲမှာ ထည့်ထားတဲ့ folder ကို မြန်မာလို နာမည်ပေးထားတယ်ဆိုရင် မရပါဘူးခင်ဗျာ။ မြန်မာလိုကိုအင်္ဂလိပ်လို ပြန်ပြောင်းပေးပါ ။အဲဒါဆိုရင်ထည့်လို့ရပါပြီ။



5.အခုအောက်မှာပြထားတဲ့ နေရာလေးကတော့ ပုံတွေကို ဖိုင်အတွဲလိုက်ထည့်လို့ရပါတယ်အပေါ်မှာပြထားတဲ့ နေရာကတော့ ပုံတစ်ပုံပဲထည့်လို့ ရပါတယ်ခင်ဗျာ။



6.ပြီတော့ options ကိုသွားပါ။ skin ကနေ default ကိုပေးပါ။အောက်မှာပြထားတာတော့ ကျွန်တော် ထည့်ထားတဲ့ပုံလေးပါ။



7.အဲဒီပုံပေါ်မှာ zoom ပုံစံလေးနဲ့ ပါပါလိမ့်မယ် နဂိုပုံစံထက်ကြီးချင်တယ်ဆိုလည်း ကြီးလို့ရပါတယ်ခင်ဗျာ။ ဒါကတော့ အခုပြောတဲ့ ဆော့ဝဲမှာ ပုံတွေပေါ်ပါပြီခင်ဗျာ ။vzo မှာမပေါ်သေးဘူးဆိုရင် အောက်ကပြောတဲ့နည်းလေးအတိုင်း သွားလိုက်
ပါခင်ဗျာ။ vzo ကိုဖွင့် ပါ။ပြီးရင်Setting ကနေ hardware ကိုသွားပါ။ ပြီးရင် splitcam capture ကို
ရွေးပါ ။ ပြီးရင်တော့ ok ပေးပါ။



အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။


Image and video hosting by TinyPic

Read more: http://www.knowledgewar07.com/2009/10/archives-title-post.html#ixzz0mW6Uw3Wc

0 Responses so far.

Post a Comment