Sharp World Clock
Posted by မိုးထက်မြင့် Thursday, November 5, 2009 1 comments
ဒီဆော့ဝဲလေးကတော့ နိုင်ငံတကာရဲ့ အချိန်နာရီတွေကို ကြည့်လို့ရဲ့ဆော့ဝဲလေးဖြစ်ပါတယ်။ ဒီဆော့ဝဲလေးရဲ့ အားသာချက်တွေကတော့နာရီပုံစံကိုအရောင်နဲ့ ဒီဇိုင်းလှလှလေးတွေပြင်လို့ရပါတယ်။ alarm လည်းပေးလို့ရပါတ ယ်။ alarm ကိုလည်း မိမိကြိုက်နှစ်သက်တဲ့ အသံလေးတွေထည့်လို့ရပါတယ်။ မိမိကအဆိုတော် အသံကိုကြိုက်တယ်ဆိုရင်လည်း ထည့်လို့ ရပါတယ်။ နောက်တခုကတော့ ဒီနေ့မှာမိမိကဘာတွေလုပ်ခဲ့တာလေးတွေကို ရေးမှတ်ထားလို့ ရပါတယ်။စကားတွေအများကြီးပြောဖြစ်ခဲ့တဲ့ အကြောင်းလေးကိုလည်း ရေးမှတ်ထားလို့ရပါတယ်။ (မှတ်ချက်-မြန်မာလိုတော့ရေးလို့မရပါဘူး) အင်္ဂလိပ်လိုပဲရေးလို့ရပါတယ်။ သူငယ်ချင်းတို့နဲ့ အတူလိုက်လုပ်ကြည့်ရအောင်နော်။ ကျွန်တော်လုပ်ကြည့်တာ လေးတွေတော့အကုန်ပြောပြ လိုက်ပါ့မယ်။အသေးစိတ် ကျန်တဲ့အပိုင်း လေးတွေကိုတော့ သူငယ်ချင်းတို့လုပ်ကြည့်လိုက်ကြပါ။
Download
megaupload
mediafire
အသုံးပြုနည်း
၁။ ဆော့ဝဲကို ပုံမှန် run နေကျအတိုင်း run လိုက်ပါ။ run ပြီးသွားတဲ့ အချိန်မှာ ok ထပ်ပေါ်လာပါလိမ့်မယ် ။ ok ထပ်ပြီး ပေးပြီးတဲ့အချိန်မှာတော့ နာရီပုံစံလေးတွေကျ လာပါလိမ့်မယ်။
၂။ပြီးရင် နာရီပုံစံလေးပေါ်မှာ R-click ထောက်ပြီးတော့ setting , add ,alarm clock , calendar စသည်ဖြင့် ပြန်ပြင်လို့ရပါတယ်။ ပထမဦးဆုံး R-click ထောက်ပြီးတော့ add ကိုသွားပါ။ box တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီမှာ city , design , sort clocks သုံးမျိုးရှိပါတယ်။ city ဆိုတဲ့နေရာမှာ မိမိလိုချင်တဲ့နိုင်ငံကို ရွေးပြီးတော့ နာရီပုံစံရွေးပါမယ် ။ကျွန်တော်ကတော့ မြန်မာနိုင်ငံ နာရီကိုပဲရွေးလိုက်ပါမယ်။ ပြီးရင် apply ကိုပေးပါ။
၃။ ပြီးရင် နာရီပုံစံကို မိမိစိတ်ကြိုက် design မှာ ပြောင်းပါမယ်။ time format ကို ကြိုက်တဲ့ပုံစံထားလို့ ရပါတယ် Background ဆိုတဲ့နေရာ နာရီရဲ့နောက်ခံ အရောင်ကိုပြောင်းလို့ရပါတယ်။ Background Image ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် ဒိုင်ခွက် အတွင်းထဲကအရောင်ကိုပြောင်းပါ။ နာရီတိုင်းကိုပေးမှာလား ၊ ဒီနာရီတစ်ခုတည်းကိုပေး မှာလား ဆိုပြီးတော့ မိမိကြိုက်နှစ်သက်ရာ ထားနိုင်ပါတယ်။ ကျန်တာလေး တွေကို မပြောတော့ပါဘူး မိမိဘာသာစမ်းကြည့်လိုက်ကြပါ။
၎။ sort clocks မှာတော့ မိမိအသုံးပြုထားတဲ့ နိုင်ငံတွေကိုပြပါလိမ့်မယ်။
၅။ နောက်တစ်ခုက alarm clocks မှာတော့ မိမိတို့ ကြိုက်နှစ်သက်တဲ့ အသံကိုပေးရမှာဖြစ်ပါတယ် ။ အဲဒါလိုAlarm ပေးတဲ့အချိန်ကတော့ မိမိတို့ အခုလက်ရှိနေထိုင်နေတဲ့ နိုင်ငံအချိန်ဖြစ်ပါတယ်။ မိမိတို့ စက်ထဲမှာရှိတဲ့အသံကိုလည်း ထည့်လို့ရပါတယ် ။ မိမိတို့ alarm ပေးမဲ့အချိန်ကို ပေးပြီးသွား ရင်တော့ off ဆိုတဲ့နေရာမှာ onပြောင်းပေးပါ ။ ပြီးရင် apply ကိုပေးပါ။
၆။ setting မှာတော့ မိမိနာရီအားလုံးရဲ့ အလင်းအမှောင် နဲ့ အသံအတိုးအချဲ့ ပြောင်းလို့ရပါတယ်။ Transparency ဆိုတဲ့ နေရာမှာ နာရီရဲ့ အလင်းအမှောင်ကို ထပ်ပြီးတော့ ချိန်လို့ရပါသေးတယ် ။ ပြီးရင်Volume ဆိုတဲ့နေရာမှာ alarm ပေးတဲ့ အသံအတိုးအချဲ့လုပ်လို့ရပါတယ်။ မိမိတို့ စိတ်ကြိုက်လုပ်ပြီးသွားရင်တော့ apply ကိုပေးပါ။ ok ထပ်နှိပ်ပါ။
၇။ နောက်တခုကတော့ calendar မှာ မိမိတို့ ဒီနေ့ ဘာလုပ်ခဲ့ကြသလဲဆိုတာလေး ကို notes နဲ့ ရေးသားမှတ်ထားလို့ရပါတယ် ။ မိမိစိတ်ကြိုက်မှတ်ပြီးသွားရင်တော့ close နှိပ်ပါ။
သူငယ်ချင်းများ ဒီထက်သိချင်သေးတယ်ဆိုရင်တော့ မိမိဘာသာ ဆက်လုပ် ကြည့်လိုက်ကြပါ ။အခုလိုအဆုံးထိဖတ်ပေးတာကိုကျေးဇူးတင်ပါတယ် ။ လေရှည်သွားရင် ခွင့်လွှတ်ကြပါလို့ တောင်းပန်စကားလေး ဆိုချင်ပါတယ်
Image and video hosting by TinyPic
Read more: http://www.knowledgewar07.com/2009/10/archives-title-post.html#ixzz0mW6Uw3Wc
1 Response so far.
  1. ဒေါင်းပြီးသွားပြီ အကိုရေ သုံးရတာ တကယ်အဆင်ပြေပါတယ် အဲ့ဒီလိုမျိုးနာရီမျိုးတွေ စက်ထဲသိမ်းထားချင်တာကြာပါပြီ ကျေးဇူးအရမ်းတင်ပါတယ် နည်းပညာများ ဆက်လက်ဖြန့်ဝေနိုင်ပါစေ
    ခင်လျက်
Post a Comment